Monday, December 15, 2008

သရေနဲ့ပဲ ကျေနပ်လိုက်ရတဲ့......စတန်းဖို့ဒ်ရလဒ်

မနေ့က ခြင်္သေ့တွေ ပြိုင်ဘက်အသင်းတွေ ခက်ခဲစွာ သရေကျနေချိန်မှာ ဇယားထိပ်ကို ပြန်လည်ရောက်ရှိအောင် မကန်နိင်ပဲ အများနည်းတူ လိုက်သရေကျခဲ့တာကတော့ တော်တော် ခံပြင်းဖို့ ကောင်းပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုမှ သရေဆိုတာကို လက်မခံနိင်ပါဘူး။ ၀က်စ်ဟမ်းကို ချဲလ်ဆီးအနေနဲ့ ဘယ်လိုပဲကြည့်ကြည့် မနိင်စရာ အကြောင်း လုံးဝကို မရှိပါဘူး။ စကိုလာရီဟာ ဒေကို ကိုသိပ်အထင်ကြီးလွန်းနေပါတယ်။ ဒါဟာတော်တော့ကို လွဲမှားနေတာပါ။ ဒေကိုက သူ့နေရာသူမကစားပဲ နေရာအစုံလိုက်ဆော့သည့်အပြင် ၊ အမောကလည်း မခံနိင်ပါဘူး။ သူ့ရဲ့ကန်ချက်တွေကလည်း လူထိတာတွေပဲများနေတာကြောင့် တော်တော် စိတ်ညစ်ဖို့ကောင်းပါတယ်။

ဂျိုလ်ကိုးပြန်ဝင်လာပြီးနောက်ပိုင်း ဘောက်ဆင်ဝါနဲ့ ညှိနေတာ တော်တော်ဆိုးပါတယ်။ ဘောက်ဆင်ဝါ အရင်လို အတက်ကင် ပိုင်းမှာ သိပ်မတင်နိင်တော့ပါဘူး။ သူ့ရှေ့က ဂျိုလ်ကိုးလ်ကို ပေးနေရတာနဲ့ ဘောလုံးက ပျက်နေတာ များပါတယ်။ စကိုလာရီကို ဘယ်လိုယုံကြည်ရမှန်းမသိတော့ဘူး။ နောက်တပတ် မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်နဲ့ကတော့ အဝေးကွင်းဆိုတော့ တော်တော်ကန်ရမှာပါ။ စိတ်လေတယ်။ :(



Download HQ ( highlight )




Rapidshare


Zshare



Ifile


Mediafire

No comments: