Monday, October 27, 2008

မကျေနပ်တဲ့ ချဲလ်ဆီးး လီဗာပူးလ်

တကယ်တော့ ဒီပွဲဟာ လီဗာပူးလ်ရဲ့ အသင်းကြီး တသင်းရဲ့ အဆင့်အနေနဲ့တောင် မတန်ဘဲ သရေအများဆုံး မျှော်လင့်ထားတဲ့ ပွဲတပွဲပဲ ဖြစ်သင့်ခဲ့တာပါ။ ချဲလ်ဆီးရဲ့တိုက်စစ်ကို ခုံခံရင်း အခြေအနေ ပေးပါက တန်ပြန်တိုက်စစ် ၊ ဒါမှ မဟုတ် ကော်နာ ခေါင်းတိုက်ဘော ၊ ပြစ်ဒဏ်ဘော တို့က တဆင့် ဂိုးရနိင်ဖို့ပဲ မျှော်လင့်ထားခဲ့မယ်လို ထင်မိပါတယ်။

အခြေအနေက ဒီလိုတော့ ရှိခဲ့တယ်




အသင်းကြီး တသင်းမပြီသစွာ တန်ပြန်တိုက်စစ် မဆင်နိင်ပဲ တချိန်လုံး နောက်တန်း ၈ ယောက် ရှေ့တန်း ၂ ယောက် ဂိုးသမား ၁ ယောက်နဲ့ ကန်သွားပါတယ်။ ချဲလ်ဆီးကပဲ ကံဆိုးတာလား ၊ လီးဗာရူးကပဲ ကံကောင်းတာလား မသိတော့ပါဘူး။ ပွဲစပြီး သိပ်မကြာခင် အလွန်ဆိုး ဆိုတဲ့ကောင်၇ဲ့ ကြက်ကစ်လို့တောင် မခေါ်ထိုက်တဲ့ ပျော့ဖတ်ဖတ် ကန်ချက်ဟာ လူထိပြီး လမ်းကြောင်းလွဲကာ ဂိုးထဲကို ၀င်သွားခဲ့ရပါတယ်။

သရေကျမယ်လို့ အများဆုံးမျှော်လင့်ထားရာကနေ အနိင်ရလိုက်တော့ ပိတ်လိုက်တဲ့နောက်တန်း ၊ ချလိုက်တဲ့ လူ ။ ဒီကြားထဲ ချဲလ်ဆီးကန်သမျှဟာ လူထိ ၊ ဘေးထွက်နဲ့ ပဲ ချဲလ်ဆီးတို့ ၈၆ ပွဲမရှိ မရှုံးခဲ့တဲ့ စံချိန်ကို လီဗာရူးတို့ အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါဟာ စံချိန်ချိုးတာ မဟုတ်ပါဘူး။ ရပ်တန့်စေခဲ့တာပါ။ စံချိန်ချိုးချင်တယ်ဆိုရင်တော့ အနည်းဆုံး ၈၆ ပွဲအထက် အရှုံးမခံဖို့ပဲ ရှိပါတယ်။

နောက်တပတ်တော့ ခြေစွာနေတဲ့ ဟူးလ်စီးတီး ဆိုတဲ့အသင်းကို မကြေနပ်ချက်တွေ ပုံချကြတာပေါ့ဗျာ။ တောက်.... သူတပြန် ကိုယ်တပြန်မဟုတ်ဘဲ တဖက်သတ် ကန်ပြီး ရှုံးရတာကို အနာဆုံးပဲ။


1 comment:

Anonymous said...

ကောင်းပါ၏။ ပျော်ပါ၏။ အသုံးမကျလို့ ရှုံးတာများ... ရှုံးမဲမဲ မနေနဲ့။ အိုင်ကြည့်လိုက်ရပါတယ်နော်... assignments တွေများတဲ့ကြားက ချယ်ဆီးကဖြင့် တောင်ကန်မြောက်ကန်နဲ့များ... လွမ်းမနေနဲ့... အသင်းပြောင်းပြီးသာ အားပေးပေတော့။