Saturday, October 4, 2008

ချဲလ်ဆီးး ဗီလာ ခန့်မှန်းချက်


ပရီးမီးယားလိဂ် ပွဲစဉ် ( ၇ ) အဖြစ် ကျွန်တော်တို့ ချစ်သော ချဲလ်ဆီးဟာ ဒီတပတ် အိမ်ကွင်းမှာ အခုတလော ခြေစွာနေတဲ့ အက်စတွန်ဗီလာကို လက်ခံကစားရမှာ ဖြစ်ပါတယ်။


အက်စတွန်ဗီလာ

လက်ရှိ ယှဉ်ပြိုင်နေတဲ့ ကာလအတွင်း ဗီလာဟာ အသင်းကြီး ၄ သင်းပြီးရင် အကောင်းဆုံး အနေအထားမှာ ရောက်နေပါတယ်။ အသင်းရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ဂျွန်ကာရူးဟာလည်း ဂိုးတွေ ပုံမှန်သွင်းပြနေတဲ့ အပြင် အသင်းလိုက် စုစည်းမှုမှာလည်း အခြေအနေ အတော်အတန်ကောင်းနေပါတယ်။ နောက်ဆုံးပွဲမှာ ယူအီးအက်အေ၌ PFC ကို အိမ်ကွင်းမှာ သရေကျထားတယ် ဆိုပေမယ့် အဝေးကွင်းမှာ အနိင်ရထားတာကြောင့် နောက်တဆင့် တက်ရောက်သွားသလို လူကုန်ထုတ်ကစားခြင်း မရှိဘဲ အရံတွေနဲ့သာ ကစားသွားခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီးပွဲကို ဘယ်လို အရေးထားတယ်ဆိုတာ သိသာစေပါတယ်။ သူတို့ဟာ ဘယ်လို နည်းနဲ့မှ အရှုံးခံမှာ မဟုတ်သလို မနိင်ရင်တောင် သရေတမှတ်ကို ရအောင်ယူမှာပါ။

ချဲလ်ဆီး

လက်ရှိ ကျွန်တော်တို့ ဒရော့ဘာ နာသွားတာရယ် ၊ ဒေကို ၊ ကာဗယ်လ်ဟို တို့လည်း နာနေတာကြောင့် ချဲလ်ဆီးဟာ အတော်ကို ရုန်းကန်နေရပါတယ်။ ပြိုင်ပွဲတိုင်းကို ၀င်ပြိုင်နေရတဲ့အပြင် ကစားသမားတွေ ပွဲပန်းနေနိင်ပါတယ်။ ဒီပွဲအတွက် ဂျိုကိုးလ်ပြန်ပါလာနိင်မယ်ဆိုတာ မသေချာပေမယ့် ဘောလက် ၊ လမ်းပတ် ၊ မီးခေးလ် ၊ မာလူဒါ တို့နဲ့ပဲ ပွဲထွက်လာရဦးမှာပါ။ အသစ်ခေါ်ထားတဲ့ မင်နဲရိုးဝင်ကစားနိင်ရင်တော့ အဆင်ပြေနိင်ပါလိမ့်မယ်။ Chelsea တို့သက်သာစေတာကတော့ အိမ်ကွင်းဖြစ်နေခြင်းပါ။ ၂၀၀၄ ခုနှစ်ကတည်းက မရှုံးခဲ့တဲ့ အိမ်ကွင်းစံချိန်ကို ချဲလ်ဆီးတို့ ဘယ်နည်းနဲ့မှ အပျက်ခံမှာ မဟုတ်ပါဘူး။ ပွဲက ကြ့ည်ကောင်းမယ့် ပွဲတပွဲဆိုရင် မမှားသလို ချဲလ်ဆီးတို့ အပြက်အသက်မဟုတ်ဘဲ ၁း ၀ ၊ ၂း ၁ လောက်နဲ့ပဲ ကပ်နိင်ဖို့ မျှော်လင့်ရပါတယ်။

အောင်မြင်ပါစေဗျာ.................................




No comments: