Sunday, October 26, 2008

Chelsea : Liverpool




မနက်ဖြန် အတွက်ပွဲကို စိတ်လှုပ်ရှားပြီလား ချဲလ်ဆီးဖန်တို့ရေ။ ဒီနှစ်မှာ နောက်ကျကံကောင်းဂိုးတွေနဲ့ အနိင်ယူနေတက်တဲ့ ကြိုးကြာတွေကို အိမ်ကွင်းမှာ ချဲလ်ဆီးတို့ ရင်မဆိုင်နိင်ဘူးလို့များ စိုးစဉ်းမျှ စိတ်ထဲ မရှိလိုက်ပါနဲ့။ တောရက်စ်မပါတဲ့ တိုက်စစ်နဲ့ အလယ်တန်းချင်း ယှဉ်ရင် ချဲလ်ဆီးတို့ အပြက်အသက်ကို ယှဉ်နိင်ပါတယ်။ ကာရေဂါ ၊ အက်ဂါ အတွဲဟာ တယ်ရီ ၊ ကာဗယ်လ်ဟို ခံစစ်နဲ့ယှဉ်လို့မရသလို တိုက်စစ်အားသန်တဲ့ လမ်းပတ်နဲ့ အဖျက်အားကောင်းတဲ့ ဂျရတ်ယှဉ်ရင်တောင် အလယ်မှာ ဒေကိုက ကျန်နေပါသေးတယ်။ ပြီးတော့ ဒါဟာ အိမ်ကွင်းပါ။ ၄ နှစ်ကျော်ကြာ ထိန်းခဲ့တဲ့ အိမ်ကွင်းစံချိန်ကို ဘယ်သူမှလည်း မချိုးနိင်သလို ၊ နောက်ထပ်လည်း ဘယ်အသင်းမှ လုပ်ဆောင်နိင်မယ်လို့ မမျှော်လင့်မိပါဘူး။

ကြိုးကြာတွေနဲ့တွေ့ရင် ဂိုးသွင်းနေကြ ဒရော့ဘာကြီး ဒဏ်ရာက သက်သာလာတာကြောင့် ပြန်ပါလာနိင်ပါတယ်။ မန်ယူသရေကျခဲ့တာကြောင့် ချဲလ်ဆီးတို့ လီဗာပူးလ်ကို အနိင်ရအောင် ဆော့မှာပါ။ စကိုလာရီဟာ သူဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်ပါတယ်။ ဘောင်ဆင်ဝါ ရဲ့ အတက်ကင်ပိုင်းဟာ တော်တော်လေးကို တဘက်နောက်တန်းအတွက် ဒုက္ခပေးနေပါတယ်။

လီဗာပူးလ်နောက်တန်းက ဂိုးပေးရတာ များနေသလို ၊ တောရက်စ်ပါတဲ့ ရှေ့တန်းဟာလည်း တော်တော် ဂိုးရခဲ့ပါတယ်။ မနက်ဖြန်အတွက် ကိုလမ်းပတ်ကို အများကြီး မျှော်လင့်ထားပါတယ်။ သူဟာ လက်ရှိ အကောင်းဆုံး ပုံမှန်ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူတစ်ယောက်ပါ။

ကဲ...ချဲလ်ဆီးဖန်တွေရေ အားပေးကြစို့ဗျာ။




No comments: