Friday, September 26, 2008

StokeCity : Chelsea ( အကြိုခန့်မှန်း )

Stoke City

ဒီအသင်းရဲ့ နောက်ဆုံး ငါးပွဲမှာ လီဗာပူးလ်ကို သရေခံကစားနိင်ခဲ့တဲ့အပြင် ကျန်သည့်ပွဲတွေမှာလည်း ရှုံးနိမ့်ခဲ့တဲ့ နေရာမှာ ဂိုးပြက်မဟုတ်ဘဲ သူကတောင် ချေပဂိုးပြန်သွင်းနိင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အသင်းငယ်က အသင်းငယ် ဖြစ်တာရယ် ၊ နည်းပြကလည်း အသင်းကြီးနဲ့တွေ့ရင် တိုက်စစ်မှုးတောင် မထည့်ဘဲ ဖင်ပိတ်ကန်တက်တာ လီဗာပူးလ်ဆီကနေတောင် သရေတမှတ်တောင် ရအောင်ယူနိင်ခဲ့ပါသေးတယ်။ လူအင်အား ၊ အရည်အချင်းနဲ့တော့ ဘယ်လိုနည်းနဲ့မှ ယှဉ်နိင်ဖို့ မလွယ်တာကြောင့် ဖင်ပိတ်ကန်နိင်အောင်ပဲ သူတို့ကြိုးစားမှာပါ။



Referee: Martin Atkinson

Chelsea

မန်ယူနဲ့စပါးကို ၁း ၁ ဂိုးဆီ သရေကျခဲ့တာက လွဲလို့ ချဲလ်ဆီးဟာ ပွဲတိုင်း ၊ ဖလားတိုင်းကို ခြေပြက် ၊ ဂိုးပြက်နဲ့ အနိင်ရအောင် ကစားနေနိင်ခဲ့ပါတယ်။ ကွင်းလယ်အဓိကအဖျက် အက်ဆီယန် မပါနိင်ခဲ့တာတောင် စကိုလာရီဟာ ဘလက်တီကို အဖျက်တက်ဆော့ခိုင်းရဲတဲ့အထိ စမ်းသပ်ခဲ့ပြီး ၊ နိင်ပွဲတွေလည်း ရရှိထားပါတယ်။ Stoke City အနေနဲ့ ချဲလ်ဆီးကို ပိတ်ဆို့ဖို့ဆိုတာ မြန်မာအသင်းကို ကမ္ဘာဖလား ကန်ခိုင်းတာကမှ လွယ်ကူပါလိမ့်မယ်။ လက်ရှိမှာလည်း ဂိုးမြူးနေတဲ့ တိုက်စစ်မှုးတွေ ၊ အလယ်တန်းတွေဟာ သူတို့ဘယ်လောက် လုပ်ဆောင်နိင်တယ်ဆိုတာကို ပြသချင်နေကြတာပါ။ စကိုလာရီ အနေနဲ့ကလည်း သူရဲ့ပထမဆုံး ရာသီအစမှာ ဘယ်ပွဲကိုမှ အမှားခံနိင်မှာ မဟုတ်ပါဘူး။ အပြာရောင်ခြင်္သေ့တွေပီပီ အားမာန်အပြည့်နဲ့ သားကောင်ကို ဖမ်းသလို ဖမ်းမှာပါ။ စတုတ်တို့ ဂိုးပြက်ဖို့သာ မျှော်လင့်ထားပါတယ်။

ဒီပွဲအတွက် ကျွန်တော့်ခန့်မှန်းကတော့ ၀း ၂ ပါပဲ။


No comments: