Wednesday, September 10, 2008

ဒရော့ဘာ ပြန်လာပြီ




ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာဟာ ဒီတစ်ပတ် ပရီး မီးယားရှစ်ပွဲအတွက် အဆင်သင့် ဖြစ်နေပါတယ်။

အသက် (၃၀)အရွယ် ဒရော့ဘာဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ မေလ ချန်ပီယံလိဂ် ဗိုလ်လု ပွဲပြီးကတည်းက ချဲလ်ဆီးအတွက် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

နည်းပြ စကိုလာရီကကတော့ မန်ချက်စတာစီးတီးနဲ့ ကစားမဲ့ စနေနေ့ပွဲမှာ ဒရော့ဘာ ပြန်ကစားနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

“ဒရော့ဘာရဲ့ အခြေအနေက နေ့တိုင်း၊ အပတ်တိုင်း တိုးတက်နေပါတယ်။ မန်စီးတီး နဲ့ပွဲအတွက် လုံးဝ အဆင်သင့် ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော့် အယူအဆက (၄၅)မိနစ်လောက် ကစားခိုင်းဖို့ပါ”

“သူ့အခြေအနေက မနှစ်က အနေအထားမျိုးကိုရောက်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် စလို့ ရနေပါပြီ”

ကွင်းလယ်လူ ဂျွန်အိုဘီ မစ်ခေးလ်လည်း ဒဏ်ရာကနေ သက်သာပြီး မန်စီးတီးနဲ့ပွဲအတွက် အဆင်သင့် ဖြစ်နေပါတယ်။

မစ်ခေးလ် ပြန်ကစားနိုင်တာဟာ ချဲလ်ဆီးအတွက် သတင်းကောင်း တစ်ခုဖြစ်ပြီး ဒဏ်ရာ ကြောင့် နာနေတဲ့ အက်စီယန်ရဲ့ နေရာမှာ အစားထိုးနိုင်မှာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

No comments: