Sunday, September 21, 2008

ပွဲကြို ခန့်မှန်းချက် ချဲလ်ဆီးး မန်ယူ



မနက်ဖြန်မှာ ကန်မဲ့ ချဲလ်ဆီးး မန်ယူပွဲဟာ ပရီးမီးယားလိဂ်ရဲ့ စိတ်အ၀င်စားဆုံး ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။ ပရီးမီးယားလိဂ်မှာ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ ဖာဂူဆန်နဲ့ မနေ့တစ်နေ့ကမှ ပြောင်းလာတဲ့ နည်းပြကြီး စကိုလာရီတို့ရဲ့ အားပြိုင်မှု့ဆိုရင်လည်း မမှားပါဘူး။

မတူညီတဲ့ ရှု့ထောင့်ကနေ ပြိုင်ဘက်တွေကို အသာစီးရထားကြတဲ့ ဒီနည်းပြ ၂ ယောက်စလုံးမှာ အနေအထားရ ချဲလ်ဆီးနည်းပြ စကိုလာရီကတော့ အသာရထားပါတယ်။ လူစုံတက်စုံလည်း ဖြစ်ပြန် ၊ အိမ်ကွင်းလည်း ဖြစ်နေသည့် အပြင် မန်ယူမှာ အဓိက ဗဟိုခံစစ်မှုး ဗီဒစ်ဟာ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် အနီကတ်ထိခံရပြီး ပွဲပယ်ထားတာကြောင့် မန်ယူအနေနဲ့ ဒါဟာ အဓိကထိုးနှက်ချက်ပါ။ မန်ယူအတွက် ရိုနယ်လ်ဒို ပြန်ပါလာနိင်ပေမယ့် ကောင်းစွာကစားနိင်ပ့ါမလားဆိုတာ စဉ်းစားရပါမယ်။ ဖာဂီအနေနဲ့ကလည်း ဒဏ်ရာက ပြန်ကောင်းခါစ သူ့ကစားသမားကို ကာရစ်လို အဖြစ်မျိုးနောက်ထပ် အဖြစ်ခံနိင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။ မန်ယူကတော့ လူမစုံပေမယ့် အသင်းကြီးပီသစွာ ကစားနိင်ပါလိမ့်မယ်။

လက်ရှိ နောက်ဆုံး ၅ ပွဲမှာ ချဲလ်ဆီးက ၄ ပွဲနိင် ၊ ၁ ပွဲ သရေ ကျထားပြီး ၊ မန်ယူက ၃ ပွဲရှုံး ၂ ပွဲ သရေ ကျထားပါတယ်။ ချဲလ်ဆီးမှာ အက်ဆီယန် နာနေချိန်မှာ ဘောလက်ပြန်ကောင်းလာတာရယ် ၊ ဒဏ်ရာကြောင့် နားနေတဲ့ ဒရော့ဘာ ပြန်ပါလာနိင်တာဟာ မန်ယူအတွက် ထိုးနှက်ချက် တရပ်ပါ။ နောက်ပြီး ချဲလ်ဆီးရဲ့ အိမ်ကွင်းစံချိန်ကို ချိုးနိင်မဲ့ အသင်းဆိုတာ အခုထိ မပေါ်သေးပါဘူး။

လူစုံတက်စုံနဲ့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ၃ မှတ်ကို ရအောင် ယူနိင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒါဟာ မန်ယူရဲ့ ၄ ပွဲမြောက်ရှုံးပွဲ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ၉ မှတ်ပြက်သွားပါလိမ့်မယ်လို့ ထင်ပါတယ်။

စိတ်ဝင်စားစရာ လူစာရင်းထုတ်ပုံလေးကို မနက်ဖြန်မှာ စောင့်ကြည့်ကြပါစို့။ ကျွန်တော်အထင်ကတော့ ဒါဟာ

၂း ၀ ပါပဲ။

No comments: