Tuesday, September 2, 2008

လူယုတ်မာ ရီးယဲ

ရီးယဲကတော့ ယုတ်မာတယ်ဟေ့.........................လုပ်ချလိုက်ပြီဗျာ

ရီးယဲမက်ဒရစ်အသင်းမှ ရော်ဘင်ဟိုအား မန်ချက်စတာ စီးတီးအသင်းသို့ ပေါင် ၃၂.၅သန်းဖြင့် ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုအား ရောင်းချရန်သဘောတူညီမှုရရှိခဲ့ပြီဟု ရီးရဲအသင်းပိုင် ၀က်ဆိုဒ်မှ အတည်ပြုပြောကြားခဲ့သည်။

ရော်ဘင်ဟိုမှာ ချယ်ဆီးအသင်းက ခေါ်ယူလိုနေသော ကစားသမားဖြစ်ပြီး အင်္ကျီပါ ရောင်းချခဲ့သေးသည်။ မန်စီးတီးအသင်းအား ဒူဘိုင်းအခြေစိုက် Abu Dhabi United Group ကုမ္မဏီက ၀ယ်ယူရန်သဘောတူညီပြီးနောက် အပြောင်းအရွှေ့ဈေးကွက်အတွင်း လှုတ်ရှားလာရာ မန်ယူအသင်းက ခေါ်ယူရန်ကြိုးစားနေသော ဘာဘာတော့ဖ်အား မန်ယူထက်ဈေးပိုပေးပြီး ခေါ်ယူရန် စပါးအသင်းနှင့် သဘောတူညီချက်ရခဲ့သေးသော်လည်း ဘာဘာတော့ဖ်က မန်ယူသို့သာ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းက ခေါ်ယူရန် ကြိုးစားနေသော ရော်ဘင်ဟိုမှာမူ ရီးယဲက ချယ်ဆီးအသင်းထက် သာမန်အသင်းတစ်သင်းသို့သာ ရောင်းချရန် ကြိုးစားနေခြင်းဖြစ်ရာ အသင်းနှင့် လုံးဝအဆင်မပြေတော့သော ရော်ဘင်ဟိုအနေဖြင့် လုံးဝ ရွေးချယ်စရာ မရှိတော့ဘဲ မန်စီးတီးအသင်းသို့သာ ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

1 comment:

Anonymous said...

eh. attractive thoughts