Saturday, May 30, 2009

ချဲလ်ဆီးး အဲဗာတန် ( အကြိုခန့်မှန်းချက် )

FA ဖိုင်နယ်




မျှော်လင့်ထားတဲ့ နေ့ရက်တွေကတော့ စတင်ရောက်ရှိလို့ လာပါပြီ။ ကျနော်တို့ ချဲလ်ဆီးအနေနဲ့ ပြိုင်ပွဲတိုင်းမှာ အခြေအနေ အမျိုးမျိုးကြောင့် ထွက်ခဲ့ရတာကြောင့် ဒီရာသီမှာလည်း ဖလားလက်မဲ့ မဖြစ်ဖို့က အရေးကြီးတယ် မဟုတ်လား။ ချဲလ်ဆီး စတားတွေကတော့ ဒီဖလားကို အပိုင်သိမ်းဖို့ အဆင့်သင့်ဖြစ်နေသလို ၊ ပရိသတ်တွေကလည်း ရင်ခုန်နေတယ် ဆိုတာ မလွဲပါဘူး။

ကျနော်တို့ ပိုလိုချင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်လိုက်ရတာတောင်မှ အင်္ဂလန်ပြည်နယ်မှာ ပရီးမီးယားလိဂ်ဖလားပြီးရင် ဒုတိယတန်ဖိုးထားကြတဲ့ အက်ဖ်အေဖလားကို သိမ်းပိုက်ဖို့ လက်တကမ်းထိ တက်လှမ်းနိင်ခဲ့တာကြောင့် ခံသာရပါတယ်။

ချဲလ်ဆီး

နည်းပြ ဟစ်ဒင့်လက်ထပ်မှာ ပုံမှန်ခြေစွမ်းအပြင် ကစားအားစုစည်းမှုပါ ကောင်းလာတဲ့ ကျနော်တို့အသင်းဟာ စပါးအသင်းက လွဲလို့ မရှုံးနိမ့်ခဲ့ပါဘူး။ ဒရော့ဘာ ၊ အနယ်လ်ကာ ဂိုးပုံမှန်ပြန်ရနေတာ ၀မ်းသာစရာ တချက်ပါ။ နောက်တန်းတွေကလည်း လူစုံတက်စုံဖြစ်နေပြီး အက်ဆီယန်လည်း အလယ်မှာ အေးဆေးရှိနေတာကြောင့် လမ်းပတ်ပါလာတဲ့ ချဲလ်ဆီးတိုက်စစ်ကို အဲဗာတန်တို့ ဘယ်နှစ်မိနှစ်ထ ခံနိင်မလဲဆိုတာ စောင်ကြည့်ကြတာပေါ့။ နောက်ပြီး ဟစ်ဒင့်ရဲ့ နုတ်ဆက်ပွဲအတွက် ချဲလ်ဆီးကစားသမားတွေကလည်း ဖလားကို ယူပေးချင်နေတာကြောင့် အဲဗာတန်တို့ရဲ့ ဘ၀ဟာ....

အဲဗာတန်

ကျနော် ကြိုက်တဲ့ အသင်းတွေထဲမှာ အဲဗာတန်လည်းပါပါတယ် ။ အဲဗာတန်အသင်းက တခါတလေ မထင်မှတ်တက်တဲ့ အဖြစ်တွေရှိပေမယ့် အသင်းလိုက်စုစည်းမှုအား အကောင်းဆုံး အနေအထားကို ရောက်နေပါတယ်။ ဒါပေမယ့် အဓိကလူတွေဖြစ်တဲ့ အာတီတာ ၊ ဂျာဂျေးကာလ်တို့ နာနေတာကြောင့် နည်းနည်းတော့ တပန်းရှုံးနေသလိုပါပဲ။ ယာကူဘူက ပြေးနှုန်းနှေးသည့်အပြင် ၊ တင်ကာဟေးလ်ကိုပါ အဖျက်ဆော့ခိုင်းနေတာကြောင့် အဲဗာတန်တိုက်စစ်က သိပ်တော့မထိရောက်နိင်ပါဘူးလို့ သုံးသပ်မိပါတယ်။ သို့သော်လည်း အဲဗာတန် ဖိုင်နယ်ရောက်ဖို့ ကျော်ဖြက်လာတဲ့ အသင်းတွေကို ကြည့်ြ့ပီးတော့ လေးစားမိပါကြောင်း။

Wembley Stadium

ဒီကစားကွင်းမှာ အများစု အင်္ဂလန်သားတွေ ကစားနေကြပါ။ ချဲလ်ဆီး အသင်းမှာ အင်္ဂလန်သား အများစုပါဝင်သလို အဲဗာတန်မှာလည်း မနည်းဘူးဆိုတော့ ကွင်းကတော့ သိပ်စကားပြောနိင်မယ်လို့ မထင်ပါဘူး။

ဖြစ်နိင်ဖွယ်ရှိသော လိုင်းအပ်


Referee: Howard Webb


ခန့်မှန်း

ချဲလ်ဆီး ၂း ၀ အဲဗာတန်



1 comment:

Unknown said...

ရပြီအစ်ကိုရေ. .. ဖလား ဖလား ..
မနှစ်ကလို ဖလားလက်မဲ့ ရာသီမဟုတ်တော့ဘူး လို့ လဲ အော်နိုင်ပြီ ။....
ချဲလ်ဆီး ကွ
ချဲလ်ဆီး ကွ
ချဲလ်ဆီး ကွ
ချဲလ်ဆီး ကွ