Sunday, May 31, 2009

FA Cup Champion Chelsea !!!!!



၂ နှစ်အတွင်း ပြန်လည်ရရှိခဲ့ ပထမဆုံး....ဆုဖလား

အက်ရှ်လေကိုးလ်အတွက် ၅ လုံးမြောက်ရရှိတဲ့.....ဆုဖလား

ဟစ်ဒင့်ရဲ့ နုတ်ဆက်ပွဲအတွက် ယူပေးခဲ့တဲ့.....ဆုဖလား



Goals Download By Mediafire


0 : 1 ( Saha )

1 : 1 ( Drogba )

2 : 1 ( Lampard )


ဂိုးဝင်သွားသော်လည်း မပေးခဲ့သည့် မာလောက်ဒါ၏ သွင်းချက်

Malouda Kick



ပွဲပြီး သုံးသပ်ချက်


ဒီနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးး အဲဗာတန် ပွဲစဉ်က မျှော်လင့်ထားသလောက် သိပ်ကို အားထည့်ပြီး ယှဉ်ပြိုင်တာကို မတွေ့ခဲ့ရပါဘူး။ အင်္ဂလန်ရာသီဥတု ရဲ့ နေရောင်ပူပြင်းမှုအောက်မှာ ၈၉၀၀၀ ကျော် ပရိတ်သက်တွေကလည်း အေးအေး ဆေးဆေးနဲ့ အားပေးခဲ့ကြပါတယ်။

ပွဲအစမှာ ဆာယာရဲ့ မထင်မှတ်တဲ့ ဂိုးကနေ ချဲလ်ဆီးတို့ ပထမဆုံးဂိုး ပေးလိုက်ရတာကြောင့် အနည်းငယ်တော့ ပြာသွားခဲ့ပါတယ်။ သို့သော်လည်း အထူးတလှယ် ကြိုးစားကစားတာ မတွေ့ရပါဘူး။ ဘောလုံးကို အကိုင်များခဲ့ပြီး သေချာမယ့် အကွက်တွေကိုပဲ လုပ်ဆောင်နေတာကြောင့် ချဲလ်ဆီးပရိတ်သက်များ အားမလို အားမရဖြစ်ခဲ့ရပါသေးတယ်။

အဲဗာတန်ကလည်း ချဲလ်ဆီးတိုက်စစ်ကို နည်းမျိုးစုံနဲ့ ဖျက်ထုတ်ပြီး တန်ပြန်တိုက်စစ် ဆင်ခဲ့ပေမယ့် မာလူဒါရဲ့ ဘယ်ဝန်းကနေ ရိုက်တင်မှုဟာ ဒရော့ဘာရဲ့ ခေါင်းနဲ့ ပေါင်းစပ်သွားတဲ့ အခါမှာတော့ အဲဗာတန်ဂိုးသမား ဟောင်းဝပ်ရဲ့ ဘယ်ဘက်ထောင့်ထဲကို ခပ်ပြင်းပြင်း ၀င်ရောက်သွားရင်း ၁း ၁ ဂိုးစီ သရေကျခဲ့ပြီး ပထမပိုင်း ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ အမြဲတမ်း သုံးသပ်ပြီး ဂိုးရအောင် အကွက်ဖော်လုပ်ဆောင်တက်တဲ့ ဟစ်ဒင့်ဟာ ပွဲပြန်အစမှာလည်း ဘယ်လိုမှာကြားလိုက်လည်း မသိပါဘူး။ ပွဲက ခပ်လေးလေးပဲ ထွက်လာပါတယ်။ မာလောက်ဒါရဲ့ ဂိုးဝင်သွားတဲ့ အလုံးက မပေးသော်လည်း ထိုအလုံးကလွဲရင် နှစ်ဖက်အသင်းတွေဟာ ကွင်းလယ်မှာပဲ ဘောလုံးအဆော့များနေခဲ့ပါတယ်။

လမ်းပတ်ရဲ့ ကိုယ်ယောင်ပြပြီး နောက်လှည့်ကန်မှုသာ မ၀င်ခဲ့ရင်တော့ ပွဲဟာ အချိန်ပို ၊ ပင်နလ်တီအထိ ဆက်သွားမှာ သေချာပါတယ်။ အခုတော့ အင်္ဂလိပ်တွေရဲ့ ၂၀၀၉ ရာသီမှာတော့ နောက်ဆုံးဖလားဖြစ်တဲ့ အက်ဖ်အေဖလားကို ချဲလ်ဆီးတို့ ရယူနိင်ခဲ့ပါပြီ။ ဒီဖလားကို ရခဲ့ပေမယ့် ချဲလ်ဆီးကစားသမားတွေ ပွဲကို အောင်ပွဲခံတာ သိပ်မတွေ့ခဲ့ရပါဘူး။ ချန်ပီယံလိဂ်ဒဏ်ရာက ရှင်သန်နေတုန်းပဲလို့ ယူဆမိပါတယ်။

ဘာပဲဖြစ်ဖြစ် အက်ဖ်အေဖလား ၅ လုံးဖူးသူဖြစ်သွားတဲ့ အက်ရှ်လေကိုးလ်အတွက်ရော ၊ ချဲလ်ဆီးအတွက်ရော ၊ နုတ်ဆက်တော့မည့် ဆရာဟစ်ဒင့်အတွက်ရော ဂုဏ်ပြုလိုက်ပါသည် ခင်ဗျာ။




0 comments: