Thursday, May 7, 2009

တကယ်ဆို ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ကစားသွားတာပဲလေ။ လူတိုင်းက ချဲလ်ဆီးကို ဘာကြောင့်မုန်းနေတယ်ဆိုကိုတော့ ကျနော်တို့ မသိဘူး။ ချဲလ်ဆီးအသင်းက ငွေကြေးတက်နိင်တယ် ဆိုပြီး ကစားသမားတွေကို လိုက်ဝယ်တယ်ဆိုပြီး အမြင်ကတ်နေကြတာလားဆိုရင်တော့ စဉ်းစားစရာပဲ။ အသင်း ၁ သင်းအောင်မြင်ဖို့ ခြောက်ပဲ တပြားနဲ့ တည်ထောင်လို့ ရတာ မဟုတ်ပါဘူး။ ထိုက်သင့်သလောက်တော့ အရင်းအနှီးဆိုတာ စိုက်ထုတ်ရတာပါပဲ။

ချဲလ်ဆီး - ဘာကာပွဲနဲ့ ပတ်သက်လို့ လူတွေက ချဲလ်ဆီးဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ခင်ဗျားတို့ ဘောလုံးအကြောင်းများ နကန်းတလုံးနားလည်ရဲ့လား မေးလိုက်ချင်တယ်။ ဘောလုံးဆိုတာ ရသမျိုးစုံပေးတဲ့ တိုက်ပွဲတခုလိုပဲ။ တဖက်က တိုက်စစ်အရမ်းသန်နေတဲ့အချိန် ပိတ်သင့်တာကို ပိတ်လိုက်ရတယ် ၊ တဖက်တိုက်စစ် အရှိန်သေအောင် လုပ်သင့်တာကို လုပ်ပစ်လိုက်ရတယ်။ ဒါကို အပြစ်ပြောနေဖို့ မလိုဘူး။ လူဆိုတာ ကိုယ့်ပန်းတိုင်းရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်နေကြတာ။ ဘယ်သူမှ ပြီးပြည့်စုံတဲ့ အသင်းဆိုတာ မရှိပါဘူး။


သူတို့က တိုက်စစ်အရမ်းကောင်းပါတယ်ဆိုရင် ကျနော်တို့ကလည်း ခံစစ်ကို အကောင်းဆုံး ဆော့နိင်ခဲ့တဲ့ အသင်းပဲလေ။ အီတလီ ဘာကြောင့် ကမ္ဘာကျော်ခဲ့လည်း။ ဒါကို လူတိုင်းသိတယ်။

ကိုယ်သာလျှင် ကောင်းကြောင်း ၊ သူများအသင်းသာလျှင် ဆိုးကြောင်း ပြောနေရင် ခင်ဗျားတို့ ပါးစပ်တွေက ထမင်းမစားသင့်ဘူး။ လူတွေက ဒီခေတ်ကြီးမှာ တရားမျှတမှုကို လိုချင်ပါတယ်ဗျို့ဆိုပြီး ဖင်ကုန်းပြီး အော်နေပေမယ့် မိမိကိုယ်၌က တရားမျှမျှတတချည်းပဲ လုပ်ခဲ့တာလားဆိုတာ မျက်လုံးကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်ပါတယ်။

ကျနော်တို့အသင်းက တိုက်စစ်မှုး ၂ ယောက်သာ အဆုံးသတ် သေချာခဲ့လျှင် ဒီပွဲဟာ ကျနော်တို့ဖိုင်နယ်ပေါ့ဗျာ။ ဒိုင်လူကြီး မမှန်တာကိုတော့ ထည့်မပြောတော့ပါဘူး။ တကယ်တော့ အနီတကဒ်နဲ့ ကျနော်တို့ ဖိုင်နယ်ကန်ခွင့်ကို လက်လွှတ်ဆုံးရှုံး ခဲ့ရတာပါ။



ကျနော်တို့ တိုက်စစ်မှုးတွေ ညံခဲ့တယ်။ ဒိုင်က ဆုံးဖြက်ချက်မှားခဲ့တယ်။ အခုတော့ ဘာကာနောက်တန်းက လူတွေ အနီကတ်နဲ့ ပွဲပယ်နဲ့ လူနာတာနဲ့ ပြည့်သွားခဲ့ပြီဆိုတော့ နောက်အသင်းအတွက် ရေကန်အသင့် ကြာအသင့်ပေါ့ဗျာ။


သူများတွေ ပုဂ္ဂိုလ်ရေးအရပဲ မုန်းမုန်း ၊ ဘယ်လိုနည်းနဲ့ပဲ မုန်းမုန်း ကျနော်တို့ကတော့ ထာဝရချဲလ်ဆီးပါပဲ။ “ မိုးရွာမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း နေပူခဲ့တာကို ကျနော်တို့ လက်ခံနိင်ပါတယ် ” ။

လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ ထမင်းစားတဲ့ လူတိုင်းသိပါတယ်။ ကိုယ့်အလှည့်ကြရင် ကြုံလာတဲ့ အခါ သွေးအေးအေးနဲ့ ရင်ဆိုင်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။




4 comments:

Anonymous said...

အကောင်းဆုံးခံစစ်ဆိုတာ အကောင်းဆုံးတိုက်စစ်ပါ။

Unknown said...

ဟူးးးးးး ဘာပြောရမှာလဲဗျာ.........
ကွင်းထဲမှာဆိုရင် အမေကိုင်တုတ် မိတော့မယ်။

Anonymous said...

အပြင်မှာဆိုလို့ကတော့ဗျာ.. " စောက်ပေါ ဘောလုံးပွဲ မကြည့်တတ်ဘူးလား " လို့ အော်ပြောရုံပဲ

Unknown said...

ဟီးးးး အနော်က ဒိုင်ကို ပြောတာဗျ.... စိတ်ဆိုးနဲ့နော်... ဟီးးးးးးး