Sunday, November 9, 2008

ဘလက်ဘန်းး ချဲလ်ဆီး



ဘလက်ဘန်း

ရှေ့တန်းရဲ့ အဓိက ထားရတဲ့ တိုက်စစ်မှုးတွေ နာနေပါတယ်။ မက္ကသီဝင်ရောက် ကစားဖို့ မသေချာတာကြောင့် တိုက်စစ်ပိုင်းအရ ယှဉ်နိင်ဖို့ လုံးဝမရှိပါဘူး။ အိမ်ကွင်းဆိုတဲ့ အားသာချက်တခုပဲ ရှိပါတယ်။

ချဲလ်ဆီး

အဝေးကွင်းဆိုပေမယ့် ဒီနှစ် ရလဒ်ပိုင်းမှာ အားကောင်းတာက ချဲလ်ဆီးရဲ့ အဝေးကွင်း စံချိန်ပါ။ အဝေးကွင်းတွေ တောက်လျှောက် နိင်ထားသလို ၊ ဒဏ်ရာကြောင့် နားခဲ့ရတဲ့ ဂျိုကိုးလ် ၊ ဒရော့ဘာ တို့လည်း ပြန်ပါလာတာကြောင့် သိပ်တော့ တိုက်စစ်ပိုင်းကို စိုးရိမ်စရာ မရှိပါဘူး။ ချန်ပီယံလိဂ်အတွက် အနီကဒ် ထိခဲ့ရတဲ့ ဒေကိုဟာ ဒီပွဲကို အထူးကြိုးစား ကစားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုလမ်းပတ်ပါပဲ။ ချဲလ်ဆီးရဲ့ လက်ရှိ ပုံမှန်ခြေစွမ်းပြနေတဲ့ သူဖြစ်သလို ၊ လိဂ်မှာလည်း ( ၅ ) ဂိုးသွင်းထားပါတယ်။ နောက်တမ်းအနေနဲ့ကတော့ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး ။ အခုအပတ်ကန်ပြီးရင် နောက်ပွဲမှာ ကာဗယ်လ်ဟိုတို့ ပြန်ပါလာနိင်ပါပြီ။ ဒီတော့ အေးဆေးပေါ့။ ကဲ....အောင်မြင်ပါစေ ချဲလ်ဆီးတွေ

ဒိုင်လူကြီးအဖြစ် တာဝန်ယူမဲ့သူ


No comments: