ချဲလ်ဆီးချစ်သော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မ ညီမတွေ တွေပါ ကြည့်မယ်ဆိုရင် ကြည့်နိင်ခွင့် ရရှိအောင်လို့ စေတနာ အရင်းခံနဲ့ ပြောပြပါရစေ။ ဒီလို ကိစ္စမျိုးတွေကလည်း လျိုထားလို့ မသင့်တော်တာပါဘူး။ ဥပမာ အသုံးလိုတဲ့ ဆော့ဖ်ဝဲလ် လေးတွေ ပြောပြ ၊ ရှယ်ယာပေးတာမျိုး ၊ ၀က်ဘ်ဆိုင်ဒ်လေးတွေ ပြောပြာတာမျိုးဆိုတာ အထူးသဖြင့် မြန်မာနိင်ငံသူ နိင်ငံသားတိုင်း အကျိုးအတွက် အများကြီး အသုံးဝင်ပါတယ်။ တစ်ချို့ဘလော့ဂ်တွေမှာ သတင်းအပြင် ၊ နည်းပညာဆိုင်ရာ စာအုပ် ၊ အသုံးဝင်သော ဆော့ဖ်ဝဲလ်လေးတွေ တင်ပေးထားတာကို မြင်ရတော့ တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ စာကဗျာတွေ ရေးတဲ့ ဘလော့ဂ်တွေဟာလည်း ကိုယ်ခံစားမှု့ အကြောင်းကို ကိုယ်ရေးတယ် ဆိုပေမယ့် ဒါတွေကလည်း အမှန်တကယ်လိုအပ်တယ် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် နိင်ငံရေး ၊ ပညာရေး ၊ ဖျော်ဖြေရေး ၊ စတဲ့အချက်တွေနဲ့ အကျုံးဝင်တဲ့ မြန်မာနိင်ငံသူ နိင်ငံသား ဘလော့ဂ်ဂါ အားလုံးအား ချစ်ခင်လေးစားလျက် ရှိပါကြောင်း ဒီပို့စ်လေးနဲ့ အတူ ကျွန်တော် ပြောကြား ပါရစေ။
ပထမဆုံး စသွားရမှာကတော့
www.myp2p.eu ဆိုတဲ့ ဆိုဒ်ကလေးပါ။ အဲဒီလိပ်စာလေးကို ရိုက်ထည့်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီမှာ အ၀ိုင်းပြထားတဲ့ Live sports ဆိုတာလေးကို ရွေးချယ်ပေးပါ။

Live Sports ကိုရွေးချယ်ပြီးတဲ့ အခါမှာတော့ နောက်တစ်မျက်နှာ ချိန်းသွားတဲ့ အခါ အောက်မှာပါလာတဲ့ အမျိုးအစားတွေထဲက Football ဆိုတာလေးကို ရွေးချယ်ပေးပါ။

ရွေးချယ်ပြီးသွားလို့ Next Page ပေါ်လာတဲ့ အခါမှာတော့ အောက်မှာပါတဲ့ ပုံအတိုင်း လက်ရှိအချိန်အတွင်းမှာ ကန်နေသော နိင်ငံတကာချစ်ကြည်ရေးပွဲ ၊ ကလပ်ပွဲတွေကို မြင်တွေ့ရမှာပါ။ အဲဒီအခါမှာ ကိုယ်ကြည့်ချင်တဲ့ အသင်းကို တွေ့ရင် ညာဘက်မှာပါလာတဲ့ တီဗွီပုံလေးနဲ့
Live ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်တဲ့ အခါမှာတော့.....

ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်း ၂ သင်း တစ်ခုတည်းသာပါတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီ ၂ သင်းရဲ့ အောက်မှာတော့ ထိုနှစ်သင်းကန်နေတာကို ပြသမဲ့ လင့်ခ်တွေ ပေါ်လာပါလိမ့်မယ်။

ညာဘက်မှာ ရှိနေတာက ပြသနေတဲ့ လိုင်းတွေ ဖြစ်ပြီး အနီဝိုင်းထားတဲ့ နေရာကို ကလစ်လိုက်ယုံနဲ့ ဘောလုံးပွဲတွေကို စတင်ကြည့်ရှု့လို့ ရပါပြီ။
အရေးကြီးတာ တစ်ခုကတော့ အဲဒီလို ကြည့်ရှု့ဖို့ အတွက် ဆော့ဖ်ဝဲလိုတာပေါ့။ ဆော့ဖ်ဝဲလ်က 3 Mb လောက်ရှိတာကြောင့် သိပ်လည်း မလေးတဲ့ အပြင် ဘောလုံးပွဲတွင်သာ မကာ တခြားဖျော်ဖြေရေး တွေကိုလည်း ပြသပေးပါတယ်။ ဒေါင်းလုပ်ဘယ်လို ချရမလဲဆိုတော့ www.myp2p.eu ကိုဝင်လိုက်ရင် Live Sports ဆိုတာရဲ့ ညာဘက်ဘေးနားမှာ Softwares ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Page ကိုဝင်လိုက်တာနဲ့ အောက်မှာပေးထားတဲ့ Sopcast ၊ TVU Player ၊ Tv Ants ၊ Window mediaplayer အစရှိသည်ဖြင့် တွေ့ရမှာပါ။ အကောင်းဆုံး Player တွေကတော့ Sopcast and TVU Player တို့ပါပဲ။ ဒီပလေယာတွေကို ဒေါင်းလုပ်ချပြီး အင်စတော် လိုက်လိုက်ပြီးပြီး ဆိုတာနဲ့ ပလေယာကို ဖွင့်ထားပါ ။ ပြီးရင် အပေါ်မှာ ကျွန်တော် ပြောပြထားတဲ့အတိုင်း အစီအစဉ်တကျ သွားပါ။ နောက်ဆုံးအဆင့်မှာတော့ ကိုယ်ရွေးချယ် ကြည့်ချင်တဲ့ လိုင်းနေရာလေးမှာ Sopcast နဲ့ တစ်တန်းထဲ ရှိတဲ့ Play ဆိုတာလေးကို ကလစ်လုပ်လိုက်တာနဲ့ နဂိုဖွင့်ထားတဲ့ ပလေယာထဲကို လင့်ခ်သွားချိတ်ပြီးတော့ ဘောလုံးပွဲ စတင်လာပါတော့တယ်။ Buffering တော့ စောင့်ရတာပေါ့ဗျာ။ TVU Player ကိုလည်း ရွေးချယ်နှိပ်နိင်ပါတယ်။ ကျွန်တော်ကတော့ လိုင်း ၂ ခုလုံး ဖမ်းကြည့်ပါတယ်။ တစ်ခုမကောင်း တစ်ခုဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

သတိပြု စေချင်တာက ။ တစ်ချို့ကွန်ပျူတာတွေမှာ IE နဲ့ဝင်လို့ လင့်ခ်ချိတ် မရတဲ့အခါ ၊ အော်တိုမစ်တစ် မ၀င်သွားတဲ့ အခါဆိုရင် FireFox နဲ့ ၀င်ကြည့်ပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့် ကွန်ပျူတာမှာတော့ IE နဲ့မှပဲ ကြည့်ရှု့လို့ရပါတယ်။ FireFox နဲ့ မရတာကြောင့်ပါ။ ဒီလိုဆိုရင် စလောင်း မရှိတဲ့ သူတွေရော ၊ တီဗီက မပြတဲ့ ဒုက္ခကပါ ကင်းဝေးပြီး လူမပင်ပန်း ၊ ငွေမကုန်ပဲ ဘောလုံးပွဲများကို မိမိနေရာ ၊ စားပွဲ ၊ ကုတင် ပေါ်မှာ လွတ်လပ်စွာ စိတ်ကြိုက် ကြည့်ရှု့ခွင့် ရနိင်ပြီပေါ့။ အားလုံးလည်း အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဆင်မပြေခဲ့ရင်လဲ Cbox မှာ ပြောကြားခဲ့နိင်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းရင်း ။