Tuesday, June 24, 2008

Next Player

ယူရို ၂၀၀၈ မှာ ခြေစွမ်းပြခဲ့တဲ့ အသက် - ၃၁ နှစ်သား ဦးဒေကိုကတော့ ချဲလ်ဆီးကို စကိုလာရီ လက်ထက်မှာ ပထမဆုံး ရောက်ရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါပြီ။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ အသင်းကြီးဟာ နာမည်ရလာပါပြီ။ ပေါ်တူချဲလ် လို့ပြောင်းခေါ်လိုက်တော့မယ်။း) ဒေကိုက ကစားအား ရှိတဲ့ ဘောလုံးသမား ကောင်းပါ။ အခင်းအကျင်း ၊ အကန်အဖြက်ကလည်း ကောင်းမှကောင်း။ နောက်ပြီးတော့ တခုရှိတာက မက်ခေလီလီနေရာကို အစားထိုးဖို့ ဖြစ်လာနိင်ပါတယ်။ မက်ခေလီလီက အဖျက်ဆိုပေမယ့် သူမရှိတော့တာနဲ့ ဒေကိုက သူ့နေရာ ၀င်ကန်ပြီး ကစားကွက် ပြောင်းလဲ နိင်ပါတယ်။ ဒါနဲ့ စကားမဆပ် မိုက်ကယ်ဘောလက်ကတော့ သူ့ကစားသမားဘ၀ကို ချဲလ်ဆီးမှာပဲ ကုန်ဆုံးသွားချင်ပါတယ်တဲ့။ သတင်းကောင်း...သတင်းကောင်းပေါ့ဗျာ။ ရော်နယ်လ်ဒင်ဟိုကိုကလည်း ချဲလ်ဆီးကို လာရောက် ကစားဖို့ ဖြစ်နိင်နေပါတယ်။

Deco




2 comments:

စိုးထက် - Soe Htet ! said...

:D Cheers ! :P

Anonymous said...

too many mid-fielder....