Sunday, March 30, 2008

ချဲလ်ဆီး - ဘိုရို


ဒီတပတ်မှာတော့ ချဲလ်ဆီး-မဒ်ဒယ်ဘရော့ (၀ါ) ဘိုရိုပွဲပါ။ မနေ့က မန်ယူက အိမ်ကွင်းမှာ အက်စတွန်ဗီလာကို အနိင်ရလိုက်သည့်အပြင် ၊ အာစင်နယ်ကလည်း အဝေးကွင်းမှာ ကပ်ကာ အနိင်ရသွားတာကြောင့် တတိယနေရာကို ပြန်ဆင်းနေခဲ့ပါပြီ။ ဒါကြောင့် ဒုတိယနေရာကို အပိုင် ပြန်တက်လှမ်းနိင်ဖို့ရန် ဒီကနေ့ပွဲကို အထူးကြိုးစား ကစားနိင်မှ တော်ရာကျပါ့မည်။ နောက်တပတ် ပွဲစဉ်မှာ အာစင်နယ်-လီဗာပူးလ် ကန်ရမှာ ဖြစ်သောကြောင့် ဒီကနေ့ ပွဲကို အနိင်ကန်ထားနိင်လျှင် ချဲလ်ဆီးတို့ အခြေအနေ တော်တော်ကောင်းသွား နိင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရနေသော ကျွန်တော်တို့ ဂိုးသမားလေး ပီတာဆက်ခ်ျ ပြန်ပါဝင်လာသောကြောင့် ကဲ...ချဲလ်ဆီးတို့ရေ ဖြစ်လာနိင်ဖွယ်၇ှိတဲ့ လူစာရင်းကတော့

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဘောလက် ၊ အက်ဆီယန် ၊ ဂျိုလ်ကိုး ၊ အကာလူး
နောက်တန်း - ကာဗယ်ဟို ၊ အဲလက်စ် ၊ ဘလက်တီ ၊ အက်ရှ်လေကိုး
ဂိုး - ပီတာဆက်ခ်ျ

တို့ပဲ ဖြစ်ပါတယ်။ ဒဏ်ရာရ လူစာရင်းမှာ တယ်ရီ ၊ လမ်းပတ် တို့ဖြစ်ပါတယ်။ ကွင်းလယ်မှာ လမ်းပတ် မပါတော့ အားနည်းသလို ၊ နောက်တန်းမှာ တယ်ရီမပါတာကလည်း တအားလျှော့စရာပါ။ ဒါပေမယ့် အိမ်ကွင်း ကောင်းတဲ့ ချဲလ်ဆီးဟာ ဒီပွဲကို ဘယ်လိုကန်ပြသွားမယ်ဆိုတာ စောင့်ကြည့်ရတာပေါ့။

ဂိုးသွင်းမည့်သူ - ဒရော့ဘာ ၊ ဘောလက် ၊ ဂျိုလ်ကိုး
ခန့်မှန်းချက် - ၂း ဝ

နောက်တစ်ပတ်ကတော့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး တူရကီအသင်း ဖီနာဘာချီနဲ့ အဝေးကွင်း ဖြစ်ပါကြောင်း တင်ပြရင်း အောင်မြင်ပါစေ....အပြာရောင်တပ်သားတို့ရေ

ဆိုးသွမ်း

2 comments:

စိုးထက် - Soe Htet ! said...

3:1 ဖြစ်လိမ့်မယ် ဗျ :D

စိုးထက် - Soe Htet ! said...

1:0 လဲ ၃ မှတ်ပါပဲ တော်သေးတယ် :P