Friday, March 21, 2008

ကိုလမ်းပတ်




လောလောဆယ်မှာတော့ ကျွန်တော်တို့ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားဖြစ်တဲ့ Frank.Lampard ကြီးကတော့ ချဲလ်ဆီးအသင်းက စာချုပ်သစ် ထပ်မချုပ်တာနဲ့ ပတ်သတ်လို့ ပြဿနာ အနည်းငယ် ဖြစ်နေပါတယ် ။ အသင်းပြောင်းရွှေ့ကြေး ပေါင်း ( ၁၁ ) သန်းနဲ့ ၀က်စ်ဟမ်း အသင်းကနေ ပြောင်းလာတဲ့ ဒီလန်ဒန်သားဟာ ပြီးခဲ့သော ဒါဘီကောင်တီနဲ့ ပွဲအပြီးမှာတော့ အခုလိုပြောကြားခဲ့ ပါတယ်။

ချဲလ်ဆီး အသင်းဟာ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှုတွေ မလုပ်သေးတာကြောင့် ဖီဖာ၏ စည်းမျဉ်းများအရ လမ်းပတ်ဟာ လျှော်ကြေးငွေ ပေါင်၅သန်းပေး၍ ထွက်ခွာနိင်သလို လက်ကျန် ၉ လမှာလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိင်မှာ ဖြစ်ပါတယ်တဲ့ ”
ကျွန်တော်တို့ ကိုလမ်းပတ်ကြီးက ချဲလ်ဆီး အသင်းမှာ ဆက်လက်ရှိနေစေချင်ပေမယ့် အသင်းက ဘာကြောင့် စာချုပ်မချုပ်တာလဲ ဆိုတာ တော့ စဉ်းစားစရာပါပဲ။ ဒီလန်ဒန်သားဟာ အသက် ( ၂၉ ) ရှိလာလို့ မသုံးချင်တော့လို့လား ဆိုတာတော့ တွေးမိပါတယ်။

နောက်ပြီး ကိုလမ်းပတ်နေရာကို အစားထိုးမဲ့ ဘရာဇီးသား ဒီယေဂို ( ၂၃ ) နှစ်ဆိုတာကိုလည်း ချဲလ်ဆီးက စောင့်ကြည့်နေပါတယ်တဲ့။ ကဲ ကိုလမ်းပတ်ရေ....သတိသာထားပေတော့ဗျာ။ ကျွန်တော်တို့ကတော့ မာလ်ဒီနီ လို ထာဝရ ကစားသမား ဖြစ်ချင်ပေမယ့် မိုဘီခ်ျလက်ချက်မှာ ခင်ဗျားငုတ်တုတ်မေ့သွားမှာ တော့ စိုးတယ်ဗျာ။


2 comments:

ကလိုစေးထူး said...

လမ်းပတ်က စာချုပ်အသစ် ထပ်မချုပ်တော့တာတောင် ခပ်ကောင်းကောင်းပါပဲဗျာ။ ခြေစွမ်းပိုင်းက အကျဘက်ကိုရောက်နေပြီ။ တချို့ပွဲတွေမှာဆိုရင် သူ့ကို လူစားလဲထုတ်ပစ်ရတာတွေ ရှိနေပြီ။ လက်ရှိနည်းပြ ကစားကွက်နဲ့ အံမ၀င်တာတွေ ရှိနေလို့လားတော့ မပြောတတ်ပါဘူး။ လာမယ့်နှစ်မှာ လမ်းပတ်ကို ရောင်းထုတ်မယ်ဆိုရင်တောင် အဲဒါကောင်းတယ်လို့ ထင်တယ်၊ ကျနော်ကတော့...။

ဆိုးသွမ်း said...

ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာတော့ ဒီလိုပဲ ဖြစ်သင့်ပါတယ် ကိုစေးထူးရေ။ ဒါပေမယ့်
ချဲလ်ဆီးဖလားပြန်ရတဲ့ နစ်က ကိုလမ်းပတ်က တကယ်ကောင်းပဲဗျ။ အခုခြေကလည်း အရင်လို
မဟုတ်ရင်တောင် တခါတလေကောင်းနေသေး
တယ်မဟုတ်လား။ ပြီးတော့ သံယောဇဉ်ကလည်း
ရှိသား။ ချဲလ်ဆီးနဲ့ လမ်းပတ် ဒီလိုလေးနဲ့ပဲ အဆုံး
သက်စေချင်တယ်ဗျာ။ သံယောဇဉ် ၊ သံယောဇဉ်
ပေါ့ဗျာ။ ရောင်းချင်ဘူး။း(