Thursday, March 27, 2008

ရှေ့တန်းဝယ်ပေး...ပါ


ကဲ...ချဲလ်ဆီး ကိုချစ်သော ဘလော့ဂ်ဂါ အစ်ကိုအစ်မ ညီညီမ တို့ရေ ၊ လက်ရှိ အသင်းမှာ အလိုအပ်ဆုံးကတော့ ရှေ့တန်း ထင်တယ်ဗျာ။ ဒါက ကျွန်တော့် အထင်ပေါ့နော်။ ဘာလို့လည်း ဆိုတော့ လက်ရှိမှာ ဒရော့ဘာ မပါရင် အသင်းက ဂိုးမရဘူး ဖြစ်နေတယ်ဗျ။ ပြီးတော့ ဟိုနေ့က အာစင်နယ်နဲ့ ပွဲကို ကြည့်မယ် ဆိုရင်လည်း ဒရော့ဘာ သာ မရှိရင် အဲဒီနေ့က ၁ ဂိုးနဲ့ ရှုံးပြီး ပွဲက ပြီးသွားမှာပါ။ အာဖရိကမှာ ဆင်ရိုင်းတွေနဲ့ သွားကန်လာတော့ ကျွန်တော်တို့ အာဖရိက ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ အက်ဆီယန် ၊ မီခေးလ် ၊ အကာလူး ၊ ဒရော့ဘာ တို့ပွဲပန်းနေကြတာ ကြောင့်လည်း ဖြစ်နိင်ပါတယ်။ သူတို့ မရှိတုန်းကတော့ နိင်အောင် ကန်ခဲ့သေးတာ ကလည်း ရှိသေးတယ် မဟုတ်လား။

အခုတော့ ဒရော့ဘာ က ဂိုးတွေ ပြန်သွင်းလာနိင်လို့ အခြေအနေ ကောင်းနေပေမယ့် သူဝင်မကန်တဲ့ ပွဲဆို ကိုဂျိုကိုးလ် ကိုပဲ အားထားနေရပါတယ်။ တောင်ကစ် မြောက်ကစ်နဲ့ ဟုတ်နေတဲ့ အပြင် ၊ ကိုလမ်းပတ် ကလည်း စိတ်ချရနေရပါတယ်။ ဒါကြောင့် အခုနွေရာသီမှာ ဒရော့ဘာသာ အသင်းပြောင်းသွားခဲ့ရင် ၊ ဘယ်လိုလုပ်ကြမလည်း ပေါ့နော် ၊ ငကန်းသေရင်တော့ ငစွေပေါ်မှာ မှန်ပေမယ့် အခြေအနေ လှပါ့မလား ၊ သေချာတာတော့ ထိပ်ဆုံး ၄ သင်းထဲ ၀င်နေမှာတော့ သေချာတယ်ပေါ့ဗျာ။ ဒါအပြင် အခုတိုက်စစ်မှုးတွေက အသက်ကြီးတာက တစ်ကြောင်း ၊ လေးနေတာက တစ်ကြောင်းနဲ့ အလုပ်မဖြစ်ဘူး ဖြစ်နေပါတယ်။ ဟန်တေလာ ကိုခေါ်မယ်ဆိုလည်း မြန်မြန်ခေါ်စေ ချင်တယ်ဗျာ။ ပြီးတော့ မန်ယူလို အငယ်လေးတွေ ရှာသင့်တယ်။ အခု ကျွန်တော်တို့ လူတွေ တဖြည်းဖြည်း ကြီးလာပြီနော်။ လမ်းပတ် ၊ မက်ခေလီလီ ၊ ဘောလက် တို့နေရာတွေ မှာ အစားထိုးဖို့ လူလိုနေပြီ။

ကဲ....အမြင်လေးတွေ ပြောပေးကြပါဦးဗျာ။

ချဲလ်ဆီး အောင်မြင်ပါစေ...ထာဝရ ဘက်တော်သား
ဆိုးသွမ်း


1 comment:

စိုးထက် - Soe Htet ! said...

မပူနဲ့ ကင်းထောက်တွေ လွှတ်ထားတယ် ... ကလေးတွေ ၀ယ်ဖို့ ... မန်နေဂျာ အမြင်ကျယ်မှ ရမယ် ဗျ :D