Monday, March 24, 2008

မလာချင်နေပေါ့ နှင့် ကိုဂါးလက်စ် အမှတ်တရ



ကိုကို ရော်နယ်လ်ဒင်ဟိုက ချဲလ်ဆီးက ခေါ်မယ်ဆိုရင်တောင် သူက မလာပါဘူးတဲ့။ အဟင့်။ ဒါပေမယ့် ကျွန်တော့်တို့ သူဌေးကြီး မိုဘီခ်ျ ကတော့ ဒီဘရာဇီးသားကို အသင်းကို ခေါ်ချင်နေပါတယ်။ ကဲ...ကျွန်တော်တို့ ချဲလ်ဆီးဖန်များကရော ဒင်ဟိုကို လာစေချင်ပါသလား။ အခု လောလောဆယ်မှာ ကိုဒင်ဟိုက ခြေစွမ်းမပြနိင်ဘူးဖြစ်နေပါတယ်။ ပြီးတော့ သူက ချဲလ်ဆီးကို မလာချင်တာက ကျွန်တော်တို့ အပြာရောင် တပ်သားတွေက ဘောလုံးထက် လူကို ဦးစားပေး ကစားလို့ပါတယ်။ စော်စော်ကားကား ပါခင်ဗျာ။ ဟီးဟီး ။ ဘောလုံးကန် နေကြတာ မဟုတ်လား။ အနုပညာ ကျောင်းမှ မဟုတ်တာဘဲကို။ အနည်းအကျဉ်းတော့ ရှိမှာပေါ့။

လောလောဆယ် ကျွန်တော် သိခဲ့ရသလောက်တော့ ချဲလ်ဆီးက ရိုက်လိုက်လို့ ကျိုးသွားတဲ့ ဘောလုံးသမားတွေ တစ်ယောက်မှ မရှိဘူးထင်တယ် ခင်ဗျာ။ သူများတွေက ကစ်လိုက်လို့သာ ပီတာဆက်ခ်ျ ၊ တယ်ရီ တို့ ဆေးရုံရောက်ကုန်တာ အကုန်သိ။ သနားပါတယ် ။ ဟုတ်တယ်နော် ချဲလ်ဆီးဖန်တွေ။ ဒင်ဟိုက စကေးကောင်းတာ မှန်ပေမယ့် မလိုအပ်ပါဘူးဗျာ။ မခေါ်ဘူးဗျာ။ ရှင်းရှင်းပဲ။ တော်ပြီပေါ့ ။ ကျွန်တော် ဘာစီလိုနာ အသင်းကို ပေးဆပ်ချင်ပါတယ်ဆို လုံလောက်ပြီ။ အခုတော့ သူက ပုတ်ခပ်လိုက်သေးတယ်။ များနေပြီ။

ကျွန်တော်က ဒင်ဟိုကို ကြိုက်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကိုတော့ မထိနဲ့ပေါ့ဗျာ။ ဟဲဟဲ ။ မလာချင်နေပါ...မစော်ကားပါနဲ့ ကိုဒင်ဟို ။ ဒါပဲ ပြောမယ်ဗျာ။ ငှဲ ငှဲ။ ဒါပေမယ့် ကျွန်တော် အခုထိ ၀မ်းနည်းနေတာကတော့ အာစင်နယ်မှ ဂါးလက်စ်ကို မြင်လိုက်တိုင်း ဒီကောင့်ကို ကျွန်တော့်တို့ အသင်းပြန်ခေါ်ချင်တယ်။ ဒါပေမယ့် သူကလည်း ဘယ်လာတော့မလည်း ။ စိတ်နာသွားမှာပေါ့။ ပရောဖက်ရှင်နယ် ပီသအောင် နေရမှာပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာနိင်ငံသားတွေကလည်း အစွဲအလန်း ကြီးပ။ ဖြစ်နိင်ရင် ဘယ်သူမှ မရောင်းဘူး။ ၀ယ်ပဲဝယ်မယ် ။ ဂါးလက်စ်ရေ ...ချဲလ်ဆီးမှာ မင်းကန်တုန်းက အားကြိုးမာန်တက် ကစားခဲ့တာတွေ သတိရသေးတယ်ဗျာ။ လက်ရှိ ဘင်တယ်ဟိန်း ၊ အဲလ်က်စ်တို့ထက် စာရင် ဂါးလက်စ်က ပိုအသုံးကြတယ်ဗျာ။ ၂ နေရာ ကစားနိင်လို့။

နောက်တစ်ပွဲကတော့ မစ်ဒယ်ဘရော့်ခ် ( ၀ါ ) ဘိုရိုပေါ့။ လာထား...အားပေးလိုက်ကြပါစို့ ချဲလ်ဆီးဖန်တွေရေ။


3 comments:

ပျိုမေခိုက်တဲ့ကိုကိုဖရီးခင်ဗျ said...

ကျုပ်ကတော့ နောက်တန်းပဲဖြည့်ချင်တယ်ဗျာ။ ရှေ့တန်းကမလိုဘူးထင်တယ်။ နောက်တန်းကသိပ်အားမရဘူးလေ။ အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေတယ်။ နည်းပြကတော့ ချယ်ဆီးနဲ့မတန်သလိုပါပဲ။ အသက်၊ ဟိတ်ဟန်က ဒီလိုအသင်းမျိုးအတွက်အရေးပါနေလို့ပါ။ နောက်မှပဲ....

ကလိုစေးထူး said...

ကျနော်တော့ ရော်နယ်ဒင်ဟိုကို အရင်ကတော့ ကြိုက်ပါတယ်။ အခုလောလောဆယ်ကတော့ ဘာကာမှာတောင် သူက ဟုတ်တိပတ်တိ ခြေစွမ်းမပြနိုင်တော့ဘူး။ သူ့ဘော်ဒီဝိတ်ကလဲ တက်လာသေးတော့ တကယ်လို့များ သူ့ကို ချဲလ်ဆီးက ခေါ်ရင်တောင် ရှက်ဖ်ချင်ကို ကို ခေါ်မိသလိုပုံစံ ဖြစ်ဖို့များမယ်လို့ ထင်မိတယ်။ တကယ်တမ်း ငွေသုံးနိုင်လို့ ခေါ်ချင်သပဆိုရင်တော့ ကာကာ ကို ပိုသဘောကျမိတယ်။
အပေါ်က သူငယ်ချင်းတယောက် ပြောတာကိုလဲ သဘောတူတယ်။ ချဲလ်ဆီးနောက်တန်းက အင်အားထပ်ဖြည့်ဖို့တော့ လိုနေတာ အမှန်ပဲ။ နည်းပြကတော့ ကျနော့်အထင် ဒီတရာသီပြီးရင် တခြားတယောက်ကို အသစ်ထပ်ခေါ်လောက်ပါတယ်။ ရာသီမကုန်ခင် ခေါ်လိုက်ရင်လဲ ဒီလိုအရေးကြီးတဲ့ အချိန်မှာ တခြားနည်းပြအသစ်က အသင်းနဲ့ ချက်ချင်းကြီး အသားမကျခဲ့ရင် လက်ရှိရလဒ်ထက်တောင် ပိုဆိုးသွားနိုင်မှာကို စိုးရိမ်လို့ မခေါ်သေးတာများလားလို့ ဖြည့်တွေးမိပါတယ်။ ဂရန့် က ရလဒ်ပိုင်းတွေမှာ သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး။

ဆိုးသွမ်း said...

ဒါဆိုရင်...ဘယ်သူ့ကို ခေါ်ကြမယ်လို့ စဉ်စားကြ ပါအုံးဗျာ။ ကိုစေးထူးပြောတာ နည်းပြကတော့ ဖြစ်နိင်လောက်ပါတယ်။ နောက်တန်းက လူတွေကတော့ မဆိုးသေးဘူးထင်တယ်။း)
မလဲစေချင်ဘူး သံယောဇဉ်တွယ်နေလို့။