Sunday, March 23, 2008

ချဲလ်ဆီး - အာစင်နယ်




ဒါကတော့ ချဲလ်ဆီး - အာစင်နယ်ရဲ့ ဖြစ်နိင်ခြေရှိတဲ့ လူစာရင်းပါ။ ရှေ့တန်းမှာ ဒရော့ဘာတစ်ယောက်တည်းကို ကစားနေကြ ပုံစံအတိုင်း အထောင်ထားပြီးတော့ အကာလူးနဲ့ ဂျိုကိုးလ်ကို ၀န်း ဘယ်ညာရံထားပါတယ်။ အလယ်မှာက အက်ဆီယန်နဲ့လမ်းပတ်ကို ထားပြီး မီခေးလ်ကတော့ ဆူပါဆပ် အဖျက်သဘောမျိုး ကစားမဲ့ အနေအထားပါ။ နောက်တန်းမှာကတော့ ဘလက်တီ ပြန်မကောင်းသေးလို့ ဖာရဲရား ရှိနေပြီး ကျန်လူများကတော့ မချိန်းပါဘူး။ ဂိုးသမားကတော့ ကူဒီစီနီပေါ့။ ကဲ...အပြာရောင်တပ်သားတွေရော အားပေးလိုက်ကြပါဦးစို့။ ဒီတစ်ပွဲကိုတော့ ရေကုန်ရေခန်း ကန်မှ ရတော့မှာနော်။

အောင်မြင်ပါစေဗျာ။

2 comments:

စိုးထက် - Soe Htet ! said...

နိုင်မယ် ဗျ ... သိနေတယ် ၂ - ၀ တဲ့ :P

ကလိုစေးထူး said...

လာဖတ်နေပါတယ် ကိုဆိုးသွမ်းရေ။ ချဲလ်ဆီးနဲ့ အာကြီးပွဲက ကံကြီးတယ်ဆိုတာထက် ဂရန့် လူစားလဲလိုက်တာ အတော်မှန်သွားတယ်လို့ ထင်တယ်။ မိနစ် ၇၀ လောက်မှာ ဘောလက်နဲ့ မက်ခီလီလီကို ထုတ်ပြီး အနယ်လ်ကာနဲ့ ဗယ်လက်တီကို ထည့်လိုက်ကတည်းက ပွဲက အရမ်းသိသာသွားတာ။ အဲဒီ မတိုင်ခင်ကပဲ ဘောလုံးပိုင်ဆိုင်မှုက အာစင်နယ် သာသလို ရှိခဲ့တာပါ။ ဒါပေယ့် ပွဲချိန်တလျှောက်လုံး ဂိုးပေါက်တည့်အောင် ကန်သွင်းတာလဲ ချဲလ်ဆီးက သာပါတယ်။ ဒုတိယဂိုးကတော့ အာကြီး ကံဆိုးတာလဲ ပါတာပေါ့။ ဒီပွဲနိုင်လိုက်တာ ချဲလ်ဆီးအတွက် အားဆေးပါ။ ဟိုတနေ့က စပါးကို သရေ ပေးလိုက်ရတာ အတော်နစ်နာတယ်။ နောက်ပွဲတွေ အားပေးကြတာပေါ့။ ကျနော် အမြဲလာဖတ်ပါတယ်။