Friday, March 21, 2008

ဆရာမော်.....ရေ


ဆရာမော်ရေ ထွက်တော်မူနန်းက ခွာခဲ့ပြီးတဲ့နောက် ဒီမှာတော့ အဖျားရှုးနေလေရဲ့ဗျာ။ ကားလင်းဖလား မှာလည်းတော့တင်ဟမ်ဟော့စပါးကို ဖိုင်နယ် ရောက်ခါမှ ပထမပိုင်း ၁း ၀ ဂိုးနဲ့ နိင်နေရာကနေ ဒုတိယပိုင်း ပွဲပြီးခါနီးကြမှ ပင်နယ်တီ အပေးခံရပြီး နောက်ဆုံး ကျတော့ ကားလင်းဖလားကို စပါးတို့ရဲ့ လက်ထဲ ၀ကွက်ခဲ့ရတယ်ဗျာ။

နောက်တခါ အက်အေဖလားမှာ ကြတော့လည်း ပထမတန်းက Bernesly ကို ရှုံးပြီးထွက်ခဲ့ရပြန်တယ်။ အခုလက်ရှိ ကျွန်တော်တို့ရဲ့ အစ္စရေးသား နည်းပြကြီး ဂရန့်တစ်ယောက်ကတော့ အပွဲပွဲ လှခဲ့ပေမယ့် အဆုံးသက်တော့ ဘာကြောင့်များ လွဲချော်ခဲ့ရပါသလဲ ဆိုတာ အဖြေဘယ်လိုရှာရမှန်းတော့ မသိခဲ့တော့ပါဘူးဗျာ။

ကျွန်တော်တို့က ဖလား ( ၄ ) လုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ရဲ့သားနဲ့မှ အခုတော့ ဖလား ( ၂ ) လုံးဆုံးရှုံးခဲ့ရပြီ မဟုတ်လား။ နောက်ထပ် ( ၂ ) လုံးကလည်း လောလောဆယ်မှာ စပါးကို သရေ ကျလိုက်တာကြောင့် အာစင်နယ်နဲ့ အမှတ်တူ ဖြစ်ရမဲ့ အနေအထားကနေ ၂ မှတ်အကွာ ၊ မန်ယူနဲ့ ( ၃ ) မှတ် အကွာကနေ ၊ ( ၅ ) မှတ် အကွာဖြစ်ခဲ့ရပြီ ။ ကိုမော်ကြီးရေ ခင်ဗျားသာ ရှိနေမယ်ဆို ဒီလို အဆုံးသတ်မျိုးတွေ မဖြစ်ဘူး ဆိုတာတော့ ကျွန်တော်ယုံကြည်တယ်ဗျာ။ ခင်ဗျားသာ ရှိနေရင် ကျွန်တော်တို့ အခုဆိုရင် ပရီးမီးယားလိဂ်ဖလား မသေချာသေးရင်တောင် ကားလင်းနဲ့အက်ဖ်အေ ဒီနှစ်ခု လက်ပိုက်ထားနိင်ခဲ့ပြီဗျာ။

ချန်ပီယံလိ၈်မှာလည်း ကွာတားဖိုင်နယ်မှာ တူရကီက ဖီနာဘာချီ အသင်းနဲ့တွေ့လို့ အခြေအနေမဆိုးဘူး ပြောရမယ် ဆိုပေမယ့် အဆုံးသတ်တွေ လှဖို့လိုနေပြီဆိုတာ ကျွန်တော်တို့ အားလုံး ဆုတောင်းကြတာပေါ့။ ကိုယ်တိုင်မှ ၀င်ကန်လို့မရတာကိုး။ လာမဲ့ တနင်္ဂနွေနေ့မှာတော့ စတန်းဖို့ဘရ်ခ်ျမှာ အာစင်နယ်တွေကို ဧည့်ခံရင်း ဒုတိယနေရာကို တက်လှမ်းကြပါစို့ဗျာ။

ထာဝရ ချဲလ်ဆီးသား
ဆိုးသွမ်း

1 comment:

စိုးထက် - Soe Htet ! said...

ကောင်းမှကောင်း ... :)